စာမရေးဖြစ်ပါ။

20 Dec

ကျွန်တော် အင်တာနက် ကိုစသုံးဖြစ်ခဲ့တဲ့ရည်ရွယ်ချက်က စာဖတ် ဖို့ပါ။လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပေါ့။ ဘယ်ကနေဘယ်လိုလုပ် နည်းပညာလိုင်းကိုရောက်ဖြစ်သွားလဲဆိုတာက ပြောရရင်အကြာကြီးဖြစ်လိမ့်မယ်။

 

ကျွန်တော်စာဖတ်စာရေးတတ်ချင်တယ်။

လူငယ်ဆိုတော့ကျွန်တော်လဲ ကလေးတွေးလေးတွေးပြီး ကဗျာ ကို လွယ်တယ်ဆိုပြီးလေ့လာခဲ့ပါတယ်။ တကယ်တန်းလေ့လာကြည့်တော့မှာ ကဗျာ ဟာ စကားပြေတွေ ဝတ္ထုအရေးအသားတွေထက် ရေးသားတွေးတောပြီး အချိတ်ဆက်မိရန်ခက်ခဲလှပါတယ်။ ကျွန်တော် ကဗျာအမျိုးအစားတွေအများကြီးပဲဖတ်ဖူးပါတယ်။ ရေးလဲရေးတာပေါ့။ နိုင်ငံတကာ၊ ရီရယ်လစ်ဇင် ၊ရိုးရာ ၊တိုင်းရင်းသား အတွေးအအခေါ စသဖြင့် ကဗျာတော်တော်များများလေ့လာဖြစ်ခဲ့ပါတယ်။ ကျွန်တော် သဘောအကျဆုံးနဲ့အထိအမိဆုံး ကျွန်တော်ခုံမင်ခဲ့တာကတော့ ရီရယ်လစ်ဇင်……………….

 

Realism? ရီရယ်လစ်ဇင် ဆိုတာဘာလဲ?

ကျွန်တော်လဲခင်ဗျားတို့မေးသလိုတစ်ချိန်က ကိုယ့်ကိုကိုမေးခဲ့ဖူးဘာတယ်။ -ism နဲ့ဆုံးလို့ကိုးကွယ်မှူဘာသာရပ်လို့အချို့ကဆိုကောင်းဆိုကြပါလိမ့်မယ်။ဒါပေမယ့်သူဆိုလိုရင်းနဲ့လွဲချော်နေသူအချို့ကလဲဘာသာမဲ့လို၎င်းတို့ကိုကို မှတ်ယူကောင်းမှတ်ယူနေကြပါလိမ့်မယ်။ တကယ်တော့ ရီရယ်လစ်ဇင်ဆိုတာ

Just seeing and feeling what seeing and feeling.

တစ်ချိန်က ကျွန်တော်မှတ်သားခဲ့တဲ့စာတိုလေးပါ ဘလောဂ့်တစ်ခုခုကပဲဖြစ်လိမ့်မည်။သေချာတော့ကျွန်တော်မမှတ်မိတော့ဘူးဗျ။ သိမ်းယူထင်မြင်ခံစားချက်သည် သိမ်းယူခံစားထင်မြင်ချက် မျှသာဖြစ်သည်။ အဲ့စာတန်းက လဲ ဘာ ဆိုလိုရင်းရှိလဲလို့မေးချင်ကောင်းမေးချင်ပါလိမ့်မည်။ ကိစ္စတစ်ခုခုကိုပဲဖြစ်ဖြစ်လူတွေက စိတ်အလိုမကျမှူတွေ စိတ်ကျေနပ်မှူတွေပျော်ရွှင်မှူတွေနဲ့အချို့အဆုံးသတ်ကျရတယ်။ အချို့လဲမသိလိုက်တာ မ ရှိလိုက်တာရှိမယ်။ ရီရယ်လစ်ဇင်အနေနဲ့ဆိုရင် ပု ဂ္ဂခံစားချက်များကို မူတည်ပြီး သုံးသပ်ခြင်းမဟုတ်။၎င်း ကိစ္စသို့ဖြစ်ရပ်တစ်ခုကိုသာမူတည်ပြီး သုံးသပ်တယ်လို့သိခဲ့ပါတယ်။ နောက်တွင်တော့အများကြီးကျယ်ပြန့်လာတယ် ကျွန်တော်ဉာဏ်မမှီနိုင်တဲ့ အတိုင်းအတာတစ်ခုထိရှေးလူတွေ တွေးခဲ့ကြပြီးပြီ။ ကျွန်တော်ကတော့ လွင့်စင်ခဲ့ပြီလေ။

ပထမဆုံးရေးဖြစ်ခဲ့တဲ့ကဗျာလေးကို ပလန်းနက် ကသိမ်းထားပေးတယ်။

 

ကျွန်တော်က ရီရယ်လစ်ဇင်ပါ

ငါနှင့်ငါ၏ Sisyfus

ကျွန်တော့်ကဗျာတွေထဲမှာ အကောင်းဆုံးလို့အခြားလူတွေလဲပြောသလို ကျွန်တော် လူပိန်းတိန်းကိုယ်တိုင်လဲ ခံစားမိတဲ့ တစ်ပုဒ်က ကျွန်တော်က ရီရယ်လစ်ဇင်ပါ။

 

နေရောင်ခြည်နေ့ခင်းသစ်ကငါ့ကိုအပြစ်တင်စောင်းမြောင်းသလိုထွန်းလင်းနေတယ်။ ခပ်စောစော အသက်ဝင်မလှုပ်ရှားလို့တဲ့။ပျင်းတွဲနေတဲ့ ကျွန်တော့်ရဲ့စတိုင်လ်ကိုကြည့်ပြီး သူငယ်ချင်းတွေက မေးငေါ့တယ် မင်းကဆရာကြီးလား ? ကျွန်တော်လဲဖြေလိုက်တယ် မဟုတ်ပါ ငါက သိမှူကိုရှောင်ရှားနေတဲ့ လူတစ်ကောင်ပါ။ ပတ်ဝန်းကျင်မိသားစုကပြောတယ် မင်းက လူဆိုးဘဲ မလိမ္မာဘူး မသိတတ်ဘူးတဲ့ဟုတ်ပါတယ် သမုတ္တိ သမုတ်ပတ် နာမ်မည်မှည့်တွင်ခေါ်တွင်စေချင်တဲ့ လူဆိုး ပါပဲ အရေးတော့မလုပ်ပါ။ ဘာလို့ကိန်းမျဉ်းတစ်ခုမှာ အနှူတ်ဘက်ခြမ်းကို ကျွန်တော်ရောက်နေရတာလဲ အရေးတော့မဟုတ်ပါ အနှူတ်တွင်တော့ကျွန်တော်သာနေသေးတာပဲ။ဖြစ်နိုင်ရင် လူတွေမသိတဲ့ဘာသာ တစ်ယောက်ထဲ ရူးသွပ်နေချင်လို့ နေ့တိုင်းဒီလိုနဲ့ကျွန်တော်ပျော်အောင်နေရင်း…  လူအတုတစ်ယောက်ဖြစ်နေခဲ့တယ်။

 

ကဗျာကဒီလိုဗျ အရေးအသားညံ့တော့ လူနားလည်အောင် စကားပြေတိုလေးနဲ့လေချိုသွေးလိုက်ပါတယ်။

စာမရေးဖြစ်တာကြာပြီဗျာ။

သံယောဇဉ်မင်း

 

Leave a comment